
အလိုချင်ဆုံး အလိုအပ်ဆုံး ထင်တဲ့အရာတွေ ရခဲ့ပြီးမှ
ဒါလောက်ဆို တင်းတိမ်ပါပြီးလို့ အရင်က ထင်ခဲ့တယ်
ဒါဆိုဘာလို့များ မျက်ရည်တွေနဲ့ ဆက်လက် တောင်းတနေမိပါလိမ့်
နောက်ဆုတ်ဖို့ ခဲယဉ်းလွန်းတဲ့စိတ်တွေနောက်ကို ကောက်ကောက်ပါသွားလိုက်တာများ
မျှော်လင့်ချက်ပါးပါးရဲ့နောက်မှာ မျှော်လင့်ချက်ကြီးကြီးတွေနဲ့
လောကကြီးက တခါတလေတော့ ရပိုင်ခွင့်တွေ လုပ်ပိုင်ခွင့်တွေကို သမမျှတစေခဲ့သားပဲ
ဘယ်တော့မှ မတွေးခဲ့ဖူးတဲ့အရာတွေကို ကိုယ်တိုင်ကိုယ်ကျ ၀င်ရောက်စွက်ဖက်ခွင့်ရခဲ့တာကိုက
ကျေနပ်နှစ်သိမ့်စေခဲ့တာ...
ဒါဆိုရင် ဘယ်သူတွေရော ဆက်ပြီး တားဆီးနိုင်အုံးမှာလဲ...
တခါတလေမှာ စိတ်တွေရဲ့နောက်ကို အမှီလိုက်ရတာ ပျော်စရာတော့အကောင်းသား
စိတ်တွေရဲ့ ထင်ရာစိုင်းမှုအောက်မှာ..... ထင်ရာမြင်ရာတွေနဲ့



4 comments:
BRAVO;;;;;;;;;;;;;;;;;;;;;;;
ဘာတွေရေး ထားမှန်း သိပူး ..
ဖတ်မရ ပူး အေ ..
လဗ် ဆိုတာ တောင် ကဒ် မှာ ရေးထားတာ တွေ့ လို့ အေ..
ဟိဟိ .. ဒီတော့ လဲ ရေးချင် တာပြန်ရေးခဲ့ တယ် ..ဟိဟိ.
ညံညံ ပျံ လာအေ ..
လွမ်း နေ ဘီ ..သိလားးးး .
ခိခိ
လာလည်သွားပါတယ်။ ပျော်ရွှင်ပါစေနော်..... :)
တစ်ခါတစ်လေတော့လည်း ထင်ရာစိုင်းတာကောင်း
အမြဲတမ်းတော့မကောင်း
ခင်မင်စွာဖြင့်
သီဟသစ်
Post a Comment