Monday, July 20, 2009

တစ်နှစ်ပြည့်မြောက်

Anniversary Graphic #35


တစ်နှစ်
တစ်နှစ်သာပြောင်း...။
အချစ်
အချစ်က မဟောင်း...။

ဒီတစ်နှစ်လုံး - ငြင်းခုန်ခြင်း.. ရန်ဖြစ်ခြင်း.. ပျော်ရွှင်ခြင်း.. ဖေးမစာနာခြင်း.. နားလည်ပေးခြင်း.. သစ္စာရှိခြင်း.. နာမည်ပြောင်များပေးခြင်း.. ဖုန်းပိတ်ခြင်း.. ဖုန်းကို အဆက်မပြတ်ခေါ်ခြင်း.. သံသယကြီးခြင်း.. ယုံကြည်ခြင်း.. သ၀န်တိုခြင်း.. တွေက မဟောင်းသေးပါလားနော်....။
ဒီလို အမြဲတမ်း အနိုင်ကျင့်.. အဲလေ.... အမြဲတမ်း အတူတူရှိပါရစေ... :P

happy anniversary! ပါ... Dear MZT ရေ


အချစ်ဆုံးသယ်ရင်းများအတွက်လည်း မုန့်မုန့်ကျွေးမယ်....
(မကျွေးရင် အအော်ခံရမှာစိုးလို့ :P)


အဆင်ပြေမယ့်ဟာ ရွေးစားသွားပါနော်...

ဖြစ်သလိုလေး ပုံတင်လိုက်ရတာ စိတ်မကောင်းပါဘူး :D
အကြောင်းပြချက်ကတော့ - ၅နှစ်သား တူတော်မောင်ရဲ့ လက်နက်ကြီး မိထားပါသောကြောင့် ဘယ်ဘက်မျက်နှာတစ်ခြမ်းလုံး မျက်လုံးအပါအ၀င် ယောင်ကိုင်းနေပါသဖြင့် ဒီလောက်နဲ့သာ ကျေနပ်မယ်ထင်ပါရဲ့ :((

5 comments:

suburbanian said...

ဘယ်ဘက်ကတော့ ၅နှစ်သား တူတော်မောင်ရဲ့ လက်နက်ကြီး...
ညာဘက်ကတော့ ၂၅ နှစ်သား တူတော်မောင်ရဲ့ လက်နက်ကြီး.....
အလယ်ကတော့ မွေးရာဘာ..... ဂိန်....

Acacia said...

လက်နက်ကြီး လက်နက်ကြီး အဟီးးး အဟီးးးး

kiki said...

၅နှစ်သား တူတော်မောင်ရဲ့ လက်နက်ကြီး မိထားပါသောကြောင့် ဘယ်ဘက်မျက်နှာတစ်ခြမ်းလုံး မျက်လုံးအပါအ၀င် ယောင်ကိုင်းနေပါသဖြင့်.....

ဒီလောက်လေးဘဲ လား လို့  ။။
လောင်ချာ လား ၊ ပြောင်တာ လားးးး ။။
ခိခိ ။ ညောက် ကိုရီးးးယားးးး က ဝင်တဲ့ 
အ နူ မျူ တဲ့ ပုံး တွေ မထဲ့ သုံး လို့  တော်သေးတာပေါ့ အေ ။။
နို့ မို့ ဆို သွပ်ပြား တို့  ဒီ အပေါ်က ဟာလေးတွေ တောင် မြင်ရမှာ မဟုတ် ..

ပျံ ရင် လဖက် နဲ့ ငပိ ယူ လာအေ.

..

Acacia said...

ခေတ်သစ်ဗုံးတော်ရေ့... cdတွေ ထည့်ထားတဲ့ အရုပ်ကြီးနဲ့ အိပ်နေတဲ့အဒေါ် မျက်ခွက်ကို မကြည့်ပဲ ပစ်ထည့်လိုက်တာလေ ခုတော့ အမလေး...ဟေးးး...ဟေးးး မျက်နှာလှလှလေးကိုလေ လုပ်ကြတာ လုပ်ကြတာ

GHOSTBELL said...

happy anniversary! လည်လည်လာတယ်။ :)

IP2Location.com

Map IP Address
Powered byIP2Location.com