happy belated birthday!ရန်ကုန်ရွှေမြို့တော်ကို ခဏတာပြန်ဖို့ ပြင်ဆင်နေရတာနဲ့ ဘလော့ရဲ့မွေးနေ့လေးတောင် မေ့နေပါလားနော်..
လူမသိ သူမသိ ဒီဘလော့လေး စခဲ့တယ် လူမသိ သူမသိနဲ့ မနေ့ကတော့ တစ်နှစ်တောင် ပြည့်ခဲ့ပါပြီ..
ဘာပဲဖြစ်ဖြစ် ဒီဘလော့လေး စပိုင်ခဲ့ကတည်းက အကျိုးအမြတ်တွေရခဲ့ပါတယ်.. နားမလည် ပါးမလည် ဘာတွေရေးထားမှန်းမသိတဲ့ code တွေကို ဟိုထည့် ဒီထည့် ဟိုဖြတ် ဒီဖြတ်... ဟိုနားက code ကို ဒီနားကိုထည့် ဒီနားက code တွေ ဟိုနားပို့နဲ့..
ကွန်ပြူတာအကြောင်းမသိတဲ့ နလပိန်းတုံး တစ်ယောက်ဖြစ်တဲ့ ဘလော့ပိုင်ရှင်လည်း ပညာတွေတော့ အတော်ရခဲ့သား...
ကိုယ်ပိုင်သာမရေးတတ်တယ်... ဟိုဟာမကြိုက် ဒီဟာမကြိုက်နဲ့...
ဒီတစ်နှစ်အတွင်းမှာ template ပြောင်းခဲ့တဲ့ အရေအတွက်တွေဆိုတာ မရေတွက်နိုင်လောက်အောင်ကို ဖြစ်ခဲ့တယ်...
စာရေးမကောင်းတော့ စိတ်ဝင်စားစရာကောင်းတဲ့ template တွေနဲ့တော့ အချိန်အတော်ကုန်ခဲ့သား...
အဲဒီအချိန်ကုန်ခဲ့တဲ့ကာလတွေမှာ မကောင်းတာတွေ ကောင်းတာတွေ စိတ်ညစ်စရာတွေ စိတ်ပျက်စရာ ပျော်စရာတွေကတော့ အတော်များခဲ့ပါတယ်...
ဒါပေမယ့် ဒီဘလော့လေးက ဒီနေ့တော့ ကြည့်ရင်းနဲ့ ချစ်စရာကောင်းနေသလိုပဲ...
ခဏ ခဏ မျက်စိနောက်စရာ.. မျက်စိရှုတ်စရာ.. ပေါက်ကရလေးဆယ်တွေရယ်.. ချစ်သူအကြောင်းတွေရယ် ရေးတတ်တဲ့ ဒီမျက်ဖြေအလင်္ကာဘလော့ကို သည်းခံပြီး လာလည်ခဲ့ကြတဲ့ ချစ်သူငယ်ချင်း မိတ်ဆွေတွေ အားလုံးနဲ့
မခင်ပေမယ့် အမြဲတမ်းခဏခဏ လာလည်တတ်တဲ့ ချစ်စရာကောင်းတဲ့ မိတ်ဆွေတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်...

ပျော်ရွှင်ချမ်းမြေ့ပါစေ..



3 comments:
အမားရေ.. ဘလော့လေးက တနှစ်တောင်ပြည့်ပြီနော်... သက်တော်ရာကျော်ရှေပါစေ.... အမားရဲ့ ဘသ်သဒေး ကိတ်လေးကို အားရပါးရစားသွားဒယ်.... အပြန်လဲ ကျွတ်ကျွတ်အိပ်နဲ့ ထုပ်သွားသေးတယ်...
သာမီးဘလော့ကိုလဲ လာအားပေးပါအူးနော်...
ဘလော့လေး သက်တော် ရာကျော် ရှည်ပါစေ ..ဝမ်ဆွေ့  ဝမ်းဆွေ့  ဝမ်းဝမ်း ဆွေ့း))
Acca ရေ
ဘလော့လေးကို happy birthday လုပ်သွားပြီ
နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်စွာ ဘလော့ဂင်းလုပ်နိုင်ပါစေသော်ဝ်
ခင်မင်စွာဖြင့်
သီဟသစ်
Post a Comment