Showing newest 32 of 33 posts from March 2009. Show older posts
Showing newest 32 of 33 posts from March 2009. Show older posts

Wednesday, March 25, 2009

Mr Rick-Mambo Italiano





PhotobucketPhotobucketPhotobucketPhotobucket



ပျော်ရွှင်ချမ်းမြေ့ပါစေ...
Signature

Tuesday, March 24, 2009

လေကြောင်းလိုင်းများရဲ့ ဆွဲဆောင်မှုများ

Flight Attendant doing raps!!



သယ်ရင်း Bro ပြလို့ ကြည့်ဖြစ်တဲ့ Southwest Airlines ရဲ့ ဆွဲဆောင်မှုတစ်ခု...



Shanghainese Flight Attendant Rap



ဒါကတော့ မွှေရင်းနဲ့ တွေ့လာတာ...




ပျော်ရွှင်ချမ်းမြေ့ပါစေ...

ပြဇာတ်မဟုတ်သော ပြဇာတ်


han htoo lwin - my like song

Saturday, March 21, 2009

ချစ်သူသို့




မင်းလိုအပ်ရင်
လှည့်ကြည့်
အမြဲရှိမယ်... ချစ်သူ

မင်းမလိုအပ်ရင်
စွန့်ပစ်
လက်ခံမယ်... ချစ်သူ

မင်းပျော်ရွှင်ရင်
ကြည်နူး
ရယ်မောပေးမယ်... ချစ်သူ

မင်းမပျော်ရွှင်ရင်
ထပ်တူ
ခံစားပေးမယ်... ချစ်သူ

မင်းငိုနေရင်
မျက်ရည်
ကူသုတ်ပေးမယ်... ချစ်သူ

မင်းပြုံးနေရင်
တို့အတူ
ပြုံးရယ်ကြမယ်... ချစ်သူ

မင်းမျက်နှာ
အရိပ်လိုကြည့်
အမြဲချစ်မယ်... ချစ်သူ





ပျော်ရွှင်ချမ်းမြေ့ပါစေ...

Friday, March 20, 2009

Have A Nice Day!














မျက်စိမှိတ်လိုက် ပြီးရင် တွေးလိုက် ပြီးရင် သတိရလိုက် ပြီးရင် မျှော်လင့်ချက်တွေနဲ့ ရည်မှန်းချက်တွေနဲ့ ဘာတွေပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ ဘာတွေပဲ ကျော်ဖြတ်ရ ကျော်ဖြတ်ရ ရှေ့ဆက်ကြစို့....





ပျော်ရွှင်ချမ်းမြေ့ပါစေ...

ဓမ္မတာ

သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း။

ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ
မတ်ပေါင်းရံလျက် ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ မင်းချမ်းသာကား၊
သမုဒ္ဒရာ ရေမျက်နှာထက်၊
ခဏတက်သည် ရေပွက်ပမာ
တစ်သက်လျာတည်း။

ကြင်နာသနား၊ ငါ့အားမသတ်၊
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊
လူတကာတို့၊ ခန္ဓာခိုင်ကျည်၊
အတည်မမြဲ၊ ဖောက်လွှဲတတ်သည်၊
မချွတ်စသာ-သတ္တ၀ါတည်း။

ရှိခိုးကော်ရော်၊ ပူဇော်အကွန်
ပန်ခဲ့တုံ၏၊ ခိုက်ကြုံ ဝိပါက်
သံသာစက်၌၊ ကြိုက်လတ်တုံမူ
တုံ့မယူလို၊ကြည်ညိုစိတ်သန်
သခင်မွန်ကို ချန်ဘိ စင်စစ်
အပြစ်မဲ့ရေး ခွင့်လျှင်ပေး၏
သွေးသည် အနိစ္စာ ငါ့ခန္ဓာတည်း..။



အမတ်ကြီး အနန္တသူရိယရဲ့ မျက်ဖြေလင်္ကာ



မပြည့်မစုံဖြစ်နေသော ဓမ္မတာ (မျက်ဖြေလင်္ကာ) ရဲ့ နောက်ဆုံး အပိုဒ်ကို ဖြည့်စွက်ရှာဖွေပေးသော ကိုဝလုံးဝိုင်းဝိုင်း ကို ကျေးဇူးတင်ပါတယ်ရှင်




ပျော်ရွှင်ချမ်းမြေ့ပါစေ...

Wednesday, March 18, 2009

Be Cool!


Be Cool - Gazen ParaPara


သယ်ရင်းများအား အကြောင်းကြားခြင်း

ဒီကိုလာလည်တဲ့သယ်ရင်းတွေထဲမှာ အနော့်ကို လင့်ထားတဲ့လူတွေများပါရင် အနော့်လင့်ကို ပြောင်းပေးပါရန် အထူးပဲ မေတ္တာရပ်ခံချင်ပါတယ်
အနော့်ရဲ့ ပထမလင့် ဖြစ်သော

လင့်မှာ ယခုအချိန်တွင် ပေးဆပ်သူ ခေါင်းစဉ်ဖြင့် အနော်မဟုတ်သော တခြားဘလော့ဂါတစ်ယောက်က ယူသွားပါသည်။

ထို့ကြောင့် ထို
နှင့် အနော်သည် မည်သို့မျှ မသက်ဆိုင်ပါကြောင်း သယ်ရင်းများအား အကြောင်းကြားအပ်ပါသည်။
ကျေးဇူးတင်ပါသည်။


သယ်ရင်းတို့ စဉ်းစားပေးကြပါအုံး လင့်နာမည်လေးတောင်မှကိုယ့်ဟာကိုယ် မစဉ်းစားဘူးဆိုရင်........... ခက်တယ်

Tuesday, March 17, 2009

Dance Mix

remix r&b Total hits - Dance Mix



ပျော်ရွှင်ချမ်းမြေ့ပါစေ...

စိတ်

စိတ်တစ်ခုရဲ့နောက်ကို ကောက်ကောက်ပါလိုက်နေခဲ့တာ..
အထိန်းအချုပ် အတားအဆီးတွေ မရှိတော့သလောက်အောင်ကို...
အစစ်အမှန်တစ်ခုကို မရမချင်း... မရတော့ဘူးလို့ ထင်တော့မလောက်ကို သောင်းကျန်းနေခဲ့ဖူးတယ်....
လိုချင်တာတစ်ခု ချက်ခြင်းမှ မရခဲ့ရင် မလိုချင်ဘူးလို့ ကြွေးကြော်ခဲ့ဖူးတယ်
စိတ်စေရာအတိုင်းနေခဲ့ဖူးတယ်......
စိတ်တွေ ထိန်းချုပ်ရာအောက်မှာ ဒူးထောက်လိုက်တုန်းက အံ့သြထိတ်လန့်စွာ....
ငါမှ ငါဟုတ်ပါလေစလို့...
ငါကိုယ်ငါ အထိတ်တလန့် ရှာဖွေတွေ့မိတုန်းက...
သေချာတယ် ဒီစိတ်မှ ဒီစိတ် တစ်ခုတည်း...
စိတ်တွေတစ်နေရာတည်းမှာ အကြာကြီးစုစည်းမိနေတာများ.... ထပ်မကြုံတော့မလောက်ကို...
သေချာတယ် ငါဒူးထောက်လိုက်တဲ့နေရာမှာ... သေတပန် သက်တဆုံး...... ဆိုတာ ထပ်ပြောဖို့ လိုအုံးမလား.....



ကဗျာမဟုတ်သော အမြဲတမ်းအတွက် မပြီးဆုံးသော စာကြောင်းများ........



ပျော်ရွှင်ချမ်းမြေ့ပါစေ...

ပျင်းပျင်း နဲ့ သွားမိသွားရာ

             .;;;, .;;;,                   .;;;, .;;;,
.;;;,;;;;;,;;;;;,.;;;, .;;;.,;;;;;,;;;;;,;;;.
;;;;xXXxXXxXXxXXxXXx;;;. .,. .;;;xXXxXXxXXxXXxXX;;;;;
.,,.`xXX' `xXXx,;;;;;,xXXx' `XXx;;,,.
;;;;xXX' `xXXx;xXXx' `XXx;;;;
`;;XX' `XXX' `XX;;'
,;;,XX `X' XX,;;,
;;;;XX, ,XX;;;;
``.;XX, ,XX;,''
;;;;XX, ,XX;;;;
```.;XX, ,XX;,'''
;;;;XX, ,XX;;;;
```,;XX, ,XX;,'''
;;;;XX, ,XX;;;;
````,;XX, ,XX;, '''
;;;;;XX, ,XX;;;;
`````,;XX, ,XX;,'''' -Susie Oviatt-
;;;;;XX, ,XX;;;;;
`````;;XX;;'''''
`;;;;'


.--.
/ _`. Cancer- The Crab
(_) ( )
'. /
`--'


.--.
( ) Leo- The Lion
(_) /
(_,




credits to : http://www.chris.com/ascii/index.php


ပျော်ရွှင်ချမ်းမြေ့ပါစေ...

Sunday, March 15, 2009

windows remix

Windows XP Remix




Windows Vista Remix

















ပျော်ရွှင်ချမ်းမြေ့ပါစေ...

Saturday, March 14, 2009

ဓမ္မတာ

သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ
မတ်ပေါင်းရံလျက် ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ မင်းချမ်းသာကား၊
သမုဒ္ဒရာ ရေမျက်နှာထက်၊
ခဏတက်သည် ရေပွက်ပမာ
တစ်သက်လျာတည်း။
ကြင်နာသနား၊ ငါ့အားမသတ်၊
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊
လူတကာတို့၊ ခန္ဓာခိုင်ကျည်၊
အတည်မမြဲ၊ ဖောက်လွှဲတတ်သည်၊
မချွတ်စသာ-သတ္တ၀ါတည်း။



အမတ်ကြီး အနန္တသူရိယရဲ့ မျက်ဖြေအလင်္ကာ



ပျော်ရွှင်ချမ်းမြေ့ပါစေ...

Friday, March 13, 2009

riverdance




http://www.riverdance.com/


ပျော်ရွှင်ချမ်းမြေ့ပါစေ...

ကိုယ်နေချင်တာ မင်းအနား...




မိုးတွေသည်းကြီးမည်းကြီးရွာနေတိုင်း... ကိုယ်နေချင်တာ မင်းအနား...
မိုးတွေသည်းကြီးမည်းကြီးရွာနေတုန်း... စကားတီတိုးပြောပြီး ရယ်မောပျော်ရွှင်ရတာလည်း ဘာနဲ့မှ မလဲနိုင်ဘူး ထင်ပါရဲ့...
မိုးတွေသည်းကြီးမည်းကြီးရွာနေရင်... ထီးတစ်မိုးအောက်မှာ တူတူပျော်ရွှင်စွာ လမ်းလျှောက်ချင်တယ်...
မိုးတွေသည်းကြီးမည်းကြီးရွာမယ်ဆို... လွမ်းမိတဲ့ တို့နှစ်ယောက်လည်း ဘယ်တော့မှ တူတူပျော်ရွှင်ကြည်နူးနိုင်မလဲ?

Photobucket



သည်းခံကြပါ... သည်းခံကြပါ.... ဟိ.. မိုးအမြဲရွာတဲ့ စလုံးမှာ နေမိတော့ အီလို.. အီလို.. လွမ်းမိပါသည်....

Photobucket




ပျော်ရွှင်ချမ်းမြေ့ပါစေ...

ရုပ်ရှင် - မိုးမိုး




ရုပ်ရှင်ရုံကို သွားပြီး
ရုပ်ရှင်ကို ထိုင်လို့ကြည့်
ရုပ်ရှင်မှာ တွယ်ငြိ
ကျန်တာဘာမှမသိ...
တလောကလုံးကို ခဏမေ့ပြီး...
တလောကလုံးကို သတိမေ့ပြီး...



ပျော်ရွှင်ချမ်းမြေ့ပါစေ...

Thursday, March 12, 2009

အကျွန့်အချစ်



အကျွန့် အချစ် အဏ္ဏ၀ါလို
နက်ရှိုင်းစေမည်...

အကျွန့် အချစ် နှင်းဆီလှလို
မွှေးရနံ့တွေ ထုံသင်းစေမည်...

အကျွန့်အချစ် မြစ်ချောင်းများလို
အဆုံးသတ်တွေ ကင်းဝေးစေမည်...

အကျွန့်အချစ် ငြိမ်းချမ်းရေးချိုးငှက်ငယ်လို
လှပသတင်းဆောင်ကြည်းပေးမည်...

အကျွန့်အချစ် တေးသံသာလို
ထာဝရအတွက် သီဆိုကြမည်...

အကျွန့်အချစ် အကျဉ်းသားလို
သင့်အတွက်ဆို
သင်၏ အချစ်၌ ဒူးထောက်အရှုံးပေးမည်...




Photobucket


ပျော်ရွှင်ချမ်းမြေ့ပါစေ...

Wednesday, March 11, 2009

ကွိုင်သော ရပ်ကွက် ပြဌာန်းချက်များ





ပျော်ရွှင်ချမ်းမြေ့ပါစေ...

နာမည်ပေး၊ ကင်ပွန်းတပ်

နာမည်အသစ်က မျက်ဖြေ အလင်္ကာ လို့ ပြောင်းလိုက်ပါသောကြောင့် ပိုက်ပိုက်မကုန်သော online မုန့် ပုံကြည့်သွားရည်ယို ပုံများကို တင်လိုက်ခြင်းဖြစ်ပါသည်။
နာမည်ပေး၊ ကင်ပွန်းတပ် ရင် မုန့်ကျွေးရတယ်တဲ့ ဟုတ်လားတော့ မသိဘူး အင်းပေါ့လေ ဒီကလည်း နာမည်ကပြောင်းချင်တာကိုးးး.... ကဲ.. ကဲ.. အဲဒီတော့ ဘာကျွေးရမလဲစဉ်းစားလိုက်တာ အားလုံး သွားအအေးပတ်မယ့် ရေခဲမုန့်... အဲဒါမှ သွားအအေးပတ်ပြီး လျှာထုံပြီး သိပ်မကဲ့ရဲ့နိုင်မှာ... ခိခိ... အဲဒီတော့ အောက်မှာ ရေခဲမုန့်အများကြီးးးးး ကျွေးမယ်နော်.... စားပြီးချောင်းဆိုးမယ်နော် သတိထားစား.... :P










ဒီပုံထဲကလိုတော့ မစားကြနဲ့ တစ်ခုပဲစားနော်... ပါဆယ်ဆိုပြီး အိတ်ကပ်ထဲတွေလည်း ထည့်မသွားနဲ့အုံးနော်....
လာလည်တဲ့ သယ်ရင်းတွေအားလုံးကို ကျေးဇူးအထူးတင်ပါသည်။

ဖော်ကောင်းကြင်သူ မှ မျက်ဖြေအလင်္ကာ

ဖော်ကောင်းကြင်သူမှ မျက်ဖြေအလင်္ကာသို့ အမည်နာမ ပြောင်းလဲလိုက်ပါသည်။

ကျေးဇူးတင်ပါသည်။


Signature

co.cc များအတွက်

ဟိဟိ နားမလည် ပါးမလည်ပါပဲ.... အဲဒါနဲ့ပဲ ယောင်တောင်ပေါင်တောင်နဲ့... co.cc လင့်နဲ့ ဘလော့ဂ်ပိုင်ရှင် သယ်ရင်းတွေ အတွက်.... သွားဖတ်ကြည့်ကြဗျို့.... နောက်တော့ ကိုယ့်ပြဿနာ ကိုယ်ရှင်းကြ... ဟိဟိ
မသိမှာစိုးလို့ ဖြန့်လိုက်ပါတယ်.... ဘာကြီးလဲတော့မသိဘူး... လျှောက်လည်ရင်းတွေ့လာလို့...






ပျော်ရွှင်ချမ်းမြေ့ပါစေ...

Tuesday, March 10, 2009

Nobody's Perfect - Miley Cyrus

Sunday, March 08, 2009

ဥ - အရိုး





ဟိုဘက်ခြံက ကြက်ဖနဲ့ ကျုပ် ကြက်မနဲ့ ညား

သူတို့ချစ်ခြင်းရဲ့အချစ်သက်သေ အိမ်မှာ ဥတစ်လုံးကျ
ဟိုဘက်ခြံကအကောင် ပုကွကွ စကားပြော ဘုကျကျ
ကျုပ်ခြံထဲကဥကို လာပြီး မ
ငါ့ခြံထဲမှာဥတဲ့ဥ ငါ့ကြက်မရဲ့ဥ
အတင်းဝင်ကောက်တဲ့ ဟိုဘက်ကဂျပု
မလွန်ခင် တူနဲ့ထု

မင်းကြက်အထီးက မဥတဲ့ဘဝ
အဲဒါ မင်းကိစ္စ
မင်းမကျေနပ်ရင် ကိုယ်တိုင်ထိုင်ဥဟ

အဲဒီမှာစ ၀ုန်းဒိုင်းကြဲကြ
အမျိုးတွေကလေးတွေ ဂျပုကို ၀င်ပြီးချ
မုတ်ဆိတ်ကိုဆွဲ ဒူးနှစ်လုံးကြားထည့်
သူ့ကျောကိုထုတာ လက်တောင် မလည်ဘူးတဲ့
နှုတ်ခမ်းတွေကွဲလို့ ခေါင်းလည်းဖု အညှိုးထားသွားတဲ့ဂျပု
ဥကိုမရတော့ ကျုပ်ကြက်မ သန်းခေါင်မှာ ဂွနဲ့ထု
ကြက်မကြီး မာလကီးယားလို့
သူ့နွားကြီး မှိန်းနဲ့ထိုး
နွားသေသွားလို့ သူကြီးတိုင်တော့ အကြောင်းဆိုး
အသက်ခြောက်ဆယ်မှ ထိပ်တုံးနဲ့ညား ဒေါကန်ရတာ ပြောစရာမရှိဘူးခင်ဗျ
ဂျပုဘက်ကအမျိုး ကျုပ်ဘက်ကအမျိုး လမ်းမှာတွေ့ရင် ဦးရာလူကချ

နေတက်ရေတက်မှာ မွေးတဲ့ကျုပ် စိတ်ထားက ခပ်ပုပ်ပုပ်
အချုပ်အနှောင်လွတ်တဲ့နောက်နေ့မနက် အိမ်ပြန်အကြံကြီးထုတ်
လူပါးဝလွန်းတဲ့ ဂျပုမျက်ခွက် မျက်စိထဲကမထွက်
သူ့စပါးကျီထဲကို မီးအိမ် သွားပစ်ထည့်
အဲဒီမှာစ ၀ုန်းဒိုင်းကြဲကြ
အမျိုးတွေ ကလေးတွေ လွတ်ရာကိုပြေးဟ
ဂျပုရဲ့အိမ်မှု Fire က မြူး
သိပ်မကြာသေးခင် ကျုပ်အိမ်ပါ လှမ်းကူး

ကျုပ်တစ်ရွာလုံးက ၀ိုင်းငြိမ်းရ
ကျုပ်ရှို့တဲ့မီးခင်ဗျ
ကြက်ဥတစ်လုံးကစတဲ့အစ
နှစ်အိမ်ထောင် ပြာဖြစ်ကြ
သင်ခန်းစာရလို့ ပုခုံးထဖက်
ဂျပုက ရှုံ့မဲ့မဲ့
နောက်တစ်ခါ ကြက်တွေ မဥအောင် လုပ်ထားကွာ....

အချိန်တိုင်း...


အချိန်တိုင်း လွမ်းနေတယ်
အချိန်တိုင်း စွဲလမ်းနေတယ်
အချိန်တိုင်း သတိရနေတယ်
အချိန်တိုင်း ချစ်နေတယ်
အချိန်တိုင်း သံယောဇဉ်တွေ ရစ်ပတ်တိုးနေတယ်
အချိန်တိုင်း တွေးမိတိုင်း တန်ဖိုးထား မြတ်နိုးနေတယ်
ကာလတစ်ခုကြာသည့်တိုင်အောင်
အမြဲတမ်း အသစ်ဖြစ်နေတဲ့ စိတ်တစ်ခု
ငါ ဘယ်လိုဆက်ရှင်သန်ရမလဲဟာ...?


thank-you-for-loving-me








thank-you-for-loving-me
thank-you-for-loving-me
thank-you-for-loving-me

Yiruma ရဲ့ တီးလုံးများ စုစည်းမှု





ဒီသီချင်းစုလေးတွေက စိတ်တွေညစ်နေတဲ့အချိန် စိတ်ဓါတ်တွေကျနေတဲ့အချိန်တွေ စိတ်ပျက်အားငယ်နေတဲ့အချိန်တွေမှာ စိတ်ဓါတ်တွေကို ထောက်ပံ့အားပေးကူညီဖို့ နားထောင်သင့်တဲ့ တီးလုံးလေးတွေလို့ ထင်ပါတယ်။

ဘာပဲဖြစ်ဖြစ် နားထောင်ပြီး စိတ်ကြည်နူးမှု တစ်စုံတစ်ရာ ဖြစ်သွားတယ်ဆိုရင် စုဆောင်းရကျိုးနပ်မယ်လို့ အများကြီးမျှော်လင့်ပါတယ်။

သီချင်းများcode များနဲ့ photo ကို ဖော်ကောင်းကြင်သူ ပိုင်ဆိုင်သော http://www.imeem.com/rloopz မှ ကူးယူဖော်ပြပါသည်။



ပျော်ရွှင်ချမ်းမြေ့ကြပါစေ...

Thursday, March 05, 2009

စာနာတတ်သော....

တစ်ခါတစ်လေမှာ ကံကြမ္မာဆိုတာ ရွေးချယ်ခွင့်မရှိဘူး.....
ဘာပြီးရင် ဘာဆက်ဖြစ်ကြမယ်ဆိုတာ ဘယ်သူမှကြိုမသိကြဘူး...
ပြဌာန်းထားတဲ့ ဖတ်စာအုပ်လည်း မဟုတ်ခဲ့ဘူး..
ဘယ်လိုဘ၀တွေဖြစ်လာမယ် ဘယ်လိုရင်ဆိုင်ကြရမယ်ဆိုတာကို ဘယ်လိုမှကြိုမသိနိုင်ဘူး..
ဖြစ်လာသမျှတိုင်းမှာ ခံစားချက်တိုင်းဟာ တစ်ခါတစ်လေ ရေစုံမျောကြရတယ်...
ဖြစ်ခွင့်မရတော့တဲ့ ခံစားချက်ဆိုတာ မြိုသိပ်ရတဲ့ အခါတိုင်းမှာ ပေါက်ကွဲလာကြတယ်
ပေါက်ကွဲခွင့်တွေရတိုင်း လိုတာထက် ပိုပေါက်ကွဲကြတယ်...
နာကျင်မှုတွေနဲ့ ရင်ဆိုင်နေရတိုင်း အထီးကျန်လွန်းနေတဲ့ဘ၀ကို အတိုင်းအတာတစ်ခုထက် ပိုနာကျည်းတတ်လာတယ်....
မွေးဖွားလာရာဘ၀တွေကို လူတွေက အပြစ်ဖို့ကျတယ်...
စကတည်းက ပါလာတဲ့ ကံကြမ္မာတွေကို လူတွေက တစ်နေ့တော့ အပြစ်မြင်ကြတယ်...
ဒီလိုနဲ့ပဲ လူတွေက လမ်းခွဲသွားကြတယ်....
တွေ့ဆုံကြုံကွဲကြတဲ့လူ့လောကမှာ ကိုယ်ချင်းစာတရားလည်း မထားကြဘူး...
စာနာပေးလိုက်လို့ စာနာပေးရတဲ့လူမှာ ဘာတွေများ နှစ်နာသွားပါသလဲ.........
စာနာခံရတဲ့လူအတွက်တော့.....


ပျာ်ရွှင်ချမ်းမြေ့ပါစေ...

Wednesday, March 04, 2009

....

သက်ရှိနဲ့ သက်မဲ့ မှာ ဘာကပိုအရေးကြီးသလဲ????????????????????????





ပျော်ရွှင်ချမ်းမြေ့ပါစေ...

အမျှင်



ညှို့မယ့် ညှို့တော့လည်း
ကိုယ်ဟာ ကိုယ်မဟုတ်တော့တဲ့အထိ

ကိုယ်ကလွဲရင် ကိုယ်ပါဘဲထင်ပြီး
ကိုယ့်အရေကို ဆွဲဆုတ်ပြမိတယ်

တစ်ယောက်အခွေဟာ တစ်ယောက်ကို
ထုံးမဲ့ကြိုးလို လှုပ်လေ တင်းလေ

တစ်ယောက်အမြီးကို တစ်ယောက်ပြန်မြိုရင်း
ကိုယ့်ကိုယ်ကိုတွေ့တယ်

ဖြေဆေးအတွက် ကိုယ့်အဆိပ်ကိုအန်ချပေးတော့
လျှာနှစ်ခွနဲ့ လျှက်လို့ 

အချိန်မရှိတော့ဘူး

နေရာမရှိတော့ဘူး

ဒီမှာတင် ကိုယ့်အသက်ကို အပ်ခဲ့မယ်
ကိုယ့်တွန်သံကြားလည်း လှည့်မကြည့်နဲ့တော့



အမျှင်ရုပ်ရှင်ဇာတ်ကားမှ ကဗျာကို ကူးယူဖော်ပြပါသည်။


ပျော်ရွှင်ချမ်းမြေ့ပါစေ...

Tuesday, March 03, 2009

ကျွန်ုပ် နဲ့ ထင်ရာမြင်ရာ


တနေ့တစ်ခါ ပြောင်းချင်တာ
နှစ်ရက်တစ်ခါ မကြည့်ချင်ပါ
ပြောင်းပါသော်ငြား ပြောင်းသော်ငြား
စိတ်ကြိုက် ဘယ်အခါ မတွေ့ပါ
တွေ့ပြန်သောခါ ချဲ့ကြည့်ရာ
လန်းသောအခါ ထည့်ကာပြင်
အသုံးမတည့် လွင့်ပစ်ခက်
ပစ်ပြီးသော်လည်း စိတ်မှာအမြဲ
နောင်တတစ်ဖန်ရပြန်သာ
ဘယ်သောအခါ မပြင်တော့ပါ
ပြောပြီးတစ်ခါ မေ့ပြန်ရာ
သနားစရာ... google ခမျာ
ထပ်ကာ ထပ်ကာ ရှာသော်ငြား
သုံးပြီးတာက များနေတာ
နောက်ဆုံးတော့လည်း ပြန်ကာညား
Btemplates ပါတဲ့ဗျား.........

စိတ်ထင်ရာ ပေါက်ကရလေးဆယ် တွေ့ကရာ ရှစ်သောင်းရေးခြင်းသာ ဖြစ်ပါသည်။

Thanks To You - Collins, Tyler





Tyler Collins Lyrics

နှစ်ပတ်လည် ချစ်သက်ပန်း လက်ဆောင်

မင်္ဂလာနှစ်ပတ်လည်တိုင်းမှာ ကြင်သူသက်ထားကို ဘာပန်းတွေလက်ဆောင်ပေးသင့်သလဲဆိုတော့ ......


1st Carnation



2nd Lily of the valley



3rd Sunflower



4th Hydrangea


5th Daisy



6th Calla



7th Freesia



8th Lilac



9th Bird of paradise



10th Daffodil



11th Tulip


12th Peony



13th Chrysanthemum



14th Dahlia



15th Rose



20th Aster



25th Iris


28th Orchid



30th Lily



40th Gladiolus



50th Yellow roses & violets



IP2Location.com

Map IP Address
Powered byIP2Location.com