Wednesday, April 29, 2009

၂၀၀၉ စာဥ




စာဥရေ ရွာအရောက်ပြန်ခဲ့ပါ

စာဥက မလေးရှား
သာအေးက စင်္ကာပူ
မိထွေးက ဗိုက်ကြီးစူလို့

စာဥရေ ရွာအရောက်ပြန်ခဲ့ပါ
သာအေးရေ ရွာအရောက်ပြန်ခဲ့ပါ

စာဥရေ ရွာမှာတော့ဟေ
စာဥရေ ရွာမှာတော့ဟ

ထော်လာဂျီ တဖုန်းဖုန်း
တရုတ်ဆိုင်ကယ် တ၀ုန်းဝုန်း
ဖုန် တလုံးလုံး

စာဥရေ ငါအသက်ရှုကျပ်လာ

စာဥရေ ရွာအရောက်ပြန်ခဲ့ပါ
သာအေးရေ ရွာအရောက်ပြန်ခဲ့ပါ


ပျော်ရွှင်ချမ်းမြေ့ပါစေ...

Tuesday, April 28, 2009

အိမ်ကို ပြန်ခဲ့တော့




ဟေး ညီလေး
အိမ်ကို မင်းလွမ်းနေသားနဲ့
အတင်းပေပြီး ခုလောက်ထိ မင်းမခွဲစဖူး

အိမ်ကို ပြန်ခဲ့တော့
မင်း ဟိုမှာ မပျော်တဲ့ခဏ
တွေဝေနေအုံးမလား
မင်း အိမ်ပြန်ခဲ့တော့

ဒီမှာ မင်းရဲ့အကြောင်းတွေ ပြောကြရင်း မျက်ရည်ဝဲ
မင်းနဲ့ တွေ့ချင်လို့
မင်း အိမ်ပြန်ခဲ့တော့








စလုံးမလာခင်က အနော့်အကိုလတ် ပေးခဲ့တဲ့ သီချင်းလေးပါ...
လွမ်းတယ်ဗျာ...
အနော်လည်း မိသားစုကို လွမ်းနေတယ်ဗျာ...








ဒီသီချင်းတွေက နားထောင်ပြီးသားတွေဖြစ်မှာပါ...
ဟောင်းပေမယ့် ကောင်းတဲ့သီချင်းတွေပါ... ပြန်လည်ခံစားလည်း အသစ်ပါပဲ...



ပျော်ရွှင်ချမ်းမြေ့ပါစေ...

စိတ်ညစ်ညစ်နဲ့ ရေးတဲ့ စာ


စိတ်ညစ်တယ်...
စိတ်ညစ်တယ် စိတ်ညစ်တယ်...
စိတ်ညစ်တယ် စိတ်ညစ်တယ် စိတ်ညစ်တယ်...



သို့
ချစ်သူ

ငါ့ကို ပစ်ထားတဲ့ နင့်ကို ဒီလို ဒီလို ကိုင်ဆောင့်ချင်တယ်

Photobucket



ငါ နင့်ကို လွမ်းလွန်လွန်းလို့ ညဘက်ဆို အိပ်လို့တောင် မပျော်ဘူး

Photobucket



နင့်ကို ဖုန်းခေါ်ချင်တိုင်း စိတ်ကိုထိန်းတဲ့အနေနဲ့ ခေါင်းကို နံရံနဲ့ ဆောင့်နေတာ အခါတစ်ရာမကတော့ဘူး

Photobucket



စိတ်နာတယ်ဆို ခေါင်းနဲ့ နံရံပွတ်နေရတာ ခုဆို နံရံတွေလည်း ပါးကုန်ပြီ

Photobucket



စာလုပ်ချင်စိတ်တွေ ပျောက်ပြီး နင့်ကိုပဲ အမြဲတမ်း လွမ်းနေမိတော့တယ်

Photobucket



ငါနင့်ကို လွမ်းလွန်းလို့ ငေါင်ငေးနေတာ နင်မှ မသိပဲလေ

Photobucket



ဒါပဲဟာ တွေ့မှ နင့်ကို ဒီလို ဒီလို ကြင်နာမယ် ဟိဟိ

Photobucket



အမှန်အကန် 100% လွမ်းနေတာပါဟာ.... ဟင့်


ပျော်ရွှင်ချမ်းမြေ့ပါစေ...

Wednesday, April 22, 2009

အကြိုက်ဆုံး မြန်မာကဗျာများ



ငယ်ငယ်က စာစသင်ကာစမှာ ကျွန်မသိပ်ကြိုက်တဲ့ ဘာသာရပ်တွေကတော့ သိပ်များများမရှိခဲ့ပါဘူး
တဖြည်းဖြည်း ကြိုက်တတ်လာတဲ့ ဘာသာရပ်ကတော့ မြန်မာကဗျာလက်ရွေးစင်တွေပဲဖြစ်မယ်ထင်ပါရဲ့ ကျွန်မရဲ့ အိမ်က စာမေးပွဲတွေပြီးရင် အမြဲတမ်း နောက်တက်ရမယ့် အတန်းတွေအတွက် ဖတ်စာအုပ်တွေ ၀ယ်ပေးတယ်
ဖတ်စာအုပ်အကုန်ဝယ်ပေးပေမယ့် အမြဲတမ်း ကျွန်မ အရင်ဆုံး စဖတ်ဖြစ်ဘာသာရပ်ကတော့ မြန်မာလက်ရွေးစင်ကဗျာစာအုပ်ပဲဖြစ်ပါတယ်
ကျန်တာကတော့ စိတ်မ၀င်စားဘူး :P.

မြန်မာစာသင်ရိုးညွှန်းတမ်းထဲမှာ သင်ရတဲ့ မြန်မာကဗျာလက်ရွေးစင်တွေက အကြိုက်ဆုံးကဗျာတွေ အကြောင်း ပြန်စဉ်းစားမိရင် ရှင်မဟာရဌသာရရေးတဲ့ကဗျာတွေရယ်... မယ်ခွေရေးတဲ့ကဗျာတွေရယ်... ရှင်ငြိမ်းမယ်ရေးတဲ့ကဗျာတွေကို ကြိုက်တယ် စိတ်ဝင်စားတယ်
ကဗျာ အပြည့်အစုံမဟုတ်တောင်မှ တချို့တ၀က်မှတ်မိနေတယ် သဘောတရားလေးတွေကို မှတ်မိနေတယ်..

ရှင်မဟာရဌသာရရဲ့ ကဗျာထဲမှာ စိတ်ဝင်စားတဲ့ကဗျာက သု စိ ပု ဘာ ဝိ လိ သိ ဓာ နဲ့စတဲ့ ကဗျာလေးတစ်ပုဒ်... ခေါင်းစဉ်ကတော့ သီကုံးပန်းသွင် နေ့တိုင်းဆင်.. ဖြစ်ပါတယ်.. ကဗျာက ပညာရေးနဲ့ ပတ်သက်တော့ နှစ်သက်မိပါတယ်.. ဒါပေမယ့် သဘောတော့မတူဘူး ဘာဖြစ်လို့လဲဆိုတော့


ကြောင်ပုဇွန်စား ကျွတ်ကျွတ်ဝါးသို့

လွှသွားပမာ ကျောက်ထက်စာသို့

လိုရာရအောင် ကြံဆောင်လေ့ကျက်

အနက်ဓိပ္ပာယ် နှုတ်ဝယ်ရွရွ ထားချေမှတည့်။


အဲဒီအပိုဒ်ကလေးက ဤ သည်မရွေး ကျက်ခိုင်းတဲ့ သဘောသက်ရောက်နေတယ်.. စာကျက်ပျင်းတဲ့ ကျွန်မက ကဗျာကို နှစ်သက်ပါတယ်.. ဒါပေမယ့် သဘောတရားကိုတော့ မကြိုက်ဘူး... စာက ကျက်ပြီး ရေးနေရရင် ဘာထူးမှာလဲနော် နားလည်သဘောပေါက်အောင်ဖတ်ပြီး ရေးတာ ပိုကောင်းမှာပေါ့..

ဒါပေမယ့် ဒီကဗျာရဲ့ အဓိက ရည်ရွယ်ချက်က ပညာရဲရင့်ပွဲလယ်တင့်ဖို့ တွန်းအားပေးတဲ့ ကဗျာလေးဖြစ်တဲ့ အတွက် ဖတ်ပြီးတော့ လိုက်နာသင့်တာကို လိုက်နာမယ်ဆိုရင် ဘ၀အတွက် သင်ခန်းစာကောင်းတစ်ခုပါပဲ

နောက်ထပ် စိတ်ဝင်စားတဲ့ ကဗျာကတော့ မြကန်သာ ကဗျာလေးပါ ရေးသူနာမည်ကတော့ အမည်မသိရှေးစာဆို ဖြစ်မယ် ထင်တယ် ကြိုက်ရတဲ့ အကြောင်းရင်းကတော့ တိတ်ဆိတ်အေးချမ်းတဲ့နေရာတွေကို အရမ်းသဘောကျတယ်...
ဒီနေရာလေးကတော့ ကျွန်မနေချင်တဲ့ အေးချမ်းသာယာတဲ့ နေရာလေးတစ်ခု


မြကန်သာ


မြကန်သာ

တောင်ကျချောင်းတေး

ရေဝင် ပြေးလှည့်

ရေအေးကြည်စွာ

ကန်ပိုင်မာလျှက်

ကြာပေါင်းထုံထုံ

ငှက်မျိုးစုံသည်

ဘုံဝတိန်သာ

နန္ဒာပေလော

တူစွဟုတ်တာ


နောက်ဆုံးရေးမယ့်အကြိုက်ဆုံးကဗျာလေးကတော့.. ငယ်တုန်းကတည်းက ခုချိန်ထိ အကြိုက်ဆုံးကဗျာလေးဖြစ်တဲ့ လက်ဆောင်ကဗျာလေးပဲဖြစ်ပါတယ်... အဲဒီကဗျာလေးကတော့ မယ်ခွေရေးတဲ့ လေးချိုးကဗျာ အမျိုးအစားလေးဖြစ်ပါတယ်
ကဗျာရေးတဲ့ မိန်းမပျိုလေးတွေက ရှေးတုန်းက အလန်းတွေ ဖြစ်မယ်ထင်ပါရဲ့နော် :P
အဲဒီကဗျာလေးက ဘယ်အချိန်ပဲဖြစ်ဖြစ် ပြန်ဖတ်ရင်လည်း ဆွဲဆောင်မှုအရှိဆုံးကဗျာတစ်ပုဒ်ပေါ့... အဲဒီကဗျာလေးရဲ့ အဓိပ္ပါယ်က မိန်းမပျိုလေးရဲ့ ချစ်သူအပေါ်ထားတဲ့ စိတ်ထားလေးကို အရိုးရှင်းဆုံး ရေးထားတဲ့ အဓိပ္ပါယ်လေးကို ဆောင်ပါတယ်... ဒီကဗျာလေးကို ဖတ်မိတော့ မိန်းမပျိုလေးရဲ့ သူ့ချစ်သူအပေါ်ထားတဲ့ နွေးထွေးတဲ့ မေတ္တာတရားလေးကို ခန့်မှန်းနိုင်မိပါရဲ့

ဒါပေမယ့် တစ်ခုတော့ သတိထားမိတယ် မိန်းမပျိုလေးက ချစ်သူအတွက် ရည်တော့ ရည်ရွယ်တယ် လမ်းကြုံထင်ပါရဲ့ မရည်ရွယ်ပဲ ဖက်ခူးခဲ့တယ်တဲ့ နောက်တော့ နေလှန်းရမှာလည်း ပျင်းဟန်တူတယ် အိပ်ယာအောက်ကို ခင်းပြီး အိပ်လိုက်တော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့ ကပ်ကျေးလည်း မရှာ ဓါးလည်းမရှာ သွားနဲ့လည်း ကိုက်ပြန်သေးသတဲ့ တော်တော်လေးကို သပ်သပ်ရပ်ရပ်လုပ်ပေးတဲ့ သဘောပေါ့နော်... :P မချိုတောင့်လိပ်ဆေးဆိုတာ ဖြစ်နိုင်တယ် ဘာလို့ဆို ရှေးက သွားတိုက်ဖို့ သွားတိုက်တံကလည်း မရှိ ပြီးတော့ အိပ်ယာအောက်ထဲလည်း ထားအိပ်လိုက်တော့.. အင်းဝသွားတဲ့ ချစ်သူကတော့ ကြည်နူးပြီး ပြုံးဖြီးဖြီးဖြစ်နေမှာတော့ သေချာတယ်...

ဟီး... စကားပြေကို ငယ်ငယ်တုန်းကနဲ့ မတူ ခုလို ဖြစ်သလိုလေးပဲ new version လေးရေးလိုက်တာ
ငယ်တုန်းက မြန်မာစာဆရာမသာမြင်ရင် သေချာတယ် ... စာမေးပွဲကျမှာ...

မယ်ခွေခမျာလည်း ချစ်သူအပေါ်ထားတဲ့ ကြီးမားတဲ့မေတ္တာတရားကို အခုလို ရေးထားတာသာ မြင်လို့ကတော့...


လက်ဆောင်


မရွယ်ဘူး၊မယ်ခူးတဲ့ဖက်စို။

မီးမကူ၊နေပူမှာမကင်အားလို့

ထားရတယ်အိပ်ယာအောက်မှာ

မင်းသောက်ဖို့ကို။

ညှာအနား၊ရှေ့သွားနှင့်ကိုက်လို့ကို

မချိုတောင့်လိပ်ဆေး။

ပိုးမကူ၊၀ါချည်ဖြူတစ်ပင်ရစ်ကယ်နှင့်

ငယ်ချစ်မောင်ရွှေဝသွားကို၊ပါးလိုက်ကဲ့လေး။


လေးချိုး မယ်ခွေ


မြန်မာစာသင်ရိုးညွှန်းတမ်းမှာ သင်တဲ့ မြန်မာကဗျာလက်ရွေးစင်တွေက အကြိုက်ဆုံးကဗျာတွေ အကြောင်းရေးပေးရမယ်ဆိုတဲ့ ကိုဝလုံးရေ ဒီလောက်ဆို အဆင်ပြေမယ်ထင်ပါရဲ့
အတည်ရေးတာပဲ နောက်ဆုံးမှာ ဖောက်သွားတာတော့ မတတ်နိုင်ဘူး... အဟီး


ပျော်ရွှင်ချမ်းမြေ့ပါစေ....

Monday, April 20, 2009

Happy Ninth!!!



Happy Ninth, Honey!


Always and forever




Always and forever
Each moment with you
It's just like a dream to me
That somehow came true

And I know tomorrow
Will still be the same
Cause we got a life of love
That won't ever change

Every day love me your own special way
Melt all my heart away with a smile
Take time to tell me
You really care
And we'll share tomorrow together

I'll always Love You...Forever

There'll always be sunshine
when I look at you
Something I just can't explain
Just the things that you do

If you get lonely
Call me and take
A second to give to me
That magic you make

Every day love me your own special way
Melt all my heart away with a smile
Take time to tell me
You really care
And we'll share tomorrow together

I'll always Love You...Forever

Every day lend me your own special way
Melt all my heart away with a smile
Take time to tell me, You really care
And we'll share tomorrow together

Baby, Baby, Baby
I'll Love You Forever
I'll always Love You Forever
Together
Forever







ပျော်ရွှင်ချမ်းမြေ့ပါစေ...ချစ်သူ

Friday, April 17, 2009

မင်္ဂလာနှစ်သစ်

New Year Myspace Comments


လာရောက်လည်ပတ်ကြသော သယ်ရင်းများ.... မင်္ဂလာနှစ်သစ်မှ စ၍ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပြီး ပျော်ရွှင်ချမ်းမြေ့ပါစေ...



ကျေးဇူးတင်ပါသည်။

Monday, April 13, 2009

အချစ်ကြီးသူ







Love Myspace Comments

Sunday, April 12, 2009

မင်္ဂလာရှိသော နှစ်သစ်အတွက် လက်ဆောင်

မုခံ ပသန္နံ ၀ိမလာစ ဒိဋ္ဌီ၊

ကထာနုရာဂေါ မဓုရာ စ ဝါဏီ။


သိနေဟော ဓိကော သမ္ဘမ ဒသာနဉ္စ၊


သဒါနုရတ္တဿ ဇနဿ လက္ခဏံ။




- ချိုသာကြည်လင်သော မျက်နှာရှိခြင်းသည် လည်းကောင်း၊
- ရွှင်ပြနှစ်လိုစွာ ကြည့်ရှုခြင်းသည် လည်းကောင်း၊
- ပြောစကားကို နှစ်သက်စွာ နာခံခြင်းသည် လည်းကောင်း၊
- နူးညံ့ချိုမြိန်ဖွယ် စကားဆိုခြင်းသည် လည်းကောင်း၊
- ခင်မင်ကြင်နာခြင်းသည် လည်းကောင်း၊
- အဖန်ဖန် ကြည့်ရှုစောင်မခြင်းသည် လည်းကောင်း၊
ချစ်ခင်မြတ်နိုးသောသူ၏ လက္ခဏာတို့ပင်တည်း။


မင်္ဂလာရှိသော မြန်မာနှစ်သစ် အကြိုနေ့အား ကြိုဆိုပါ၏။



မင်္ဂလာနှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး

ပျော်ရွှင်ချမ်းမြေ့ပါစေရှင်

ပျော်ရွှင်ချမ်းမြေ့ပါစေ...
Signature

နှစ်သစ်မင်္ဂလာ





မင်္ဂလာနှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး

ပျော်ရွှင်ချမ်းမြေ့ပါစေရှင်



Signature

Saturday, April 11, 2009

သူတို့ အချစ်

ယောက်ျားတို့သည်
မိန်းမတစ်ဦး၏
အချစ်ဦး ဖြစ်လိုကြ၏။

ယင်းတို့၏ မသပ်ယပ်သော မာနပင် ဖြစ်သည်။

မိန်းမတို့၌မူ
အရာရာ၌ ပိုမို သိမ်မွေ့သော ပင်ရင်းစိတ် ရှိ၏။

သူတို့သည်
ယောက်ျားတစ်ယောက်၏
နောက်ဆုံးအချစ် ဖြစ်ချင်ကြသည်။



အော်စကာဝိုင်းလ်ဒ်


မှတ်ချက် ။ ။
ဘာသာပြန်သောစာရေးဆရာနာမည်မသိပါသဖြင့်..


ပျော်ရွှင်ချမ်းမြေ့ပါစေ...
Signature

Friday, April 10, 2009

Rain (Bi)








ပျော်ရွှင်ချမ်းမြေ့ပါစေ...
Signature

နေရာလေး တစ်ခု

Hugs Myspace Comments



ငါဆိုတဲ့လူမှာ အကြိမ်ပေါင်းများစွာ နာကြင်ခဲ့ဖူးတယ်...
ကျဆင်းနေတဲ့စိတ်တွေကို ထူမတ်ဖို့ ထိန်းသိမ်းထားရတဲ့ငါ....
အထီးကျန်လွန်းစွာ ငါ လျှောက်လှမ်းနေရတဲ့ လမ်းတစ်နေရာမှာ မင်းရှိနေခဲ့တယ်... မင်းကို ဆုံတွေ့ခဲ့ရတယ်...
မင်းက နာကြင်မှုတွေ ပြည့်နှက်နေတဲ့ ငါ့ရင်ဘတ်ထဲက နာကြင်မှုတွေကို ဝေးရာ လွင့်ပျောက်စေတဲ့
သူပါ....
မင်းရဲ့ နွေးထွေးတဲ့လက်အစုံက ငါ့ကို ကမ်းလင့်နေခဲ့တယ်
မယုံကြည်နိုင်လောက်အောင် လုံခြုံနွေးထွေးစေခဲ့တယ်
မင်းရဲ့ လက်အစုံမှာ ခိုနားခွင့်ပေးတာတွေက ငါ့ရင်ကို အေးချမ်းစေခဲ့တယ်
မင်းဟာ ငါ့အတွက်... ငါ့ရဲ့ စိတ်တွေကို ယုံကြည်မှုတွေနဲ့.... နွေးထွေးမှုတွေနဲ့.... အေးချမ်းမှုတွေနဲ့....
ပေးစွမ်းနိုင်ခဲ့တဲ့သူတစ်ယောက်...
ငါတွေ့ရှိနေတဲ့မင်းက ငါ့ကို လိုအပ်နေတဲ့ ငါရှိနေသင့်တဲ့နေရာလေး တစ်ခုပါ....



ပျော်ရွှင်ချမ်းမြေ့ပါစေ...
Signature

သီချင်းအလန်လေး :P


Unknown Song - Unknown Artist



သီချင်းပို့ပေးတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါ၏




ပျော်ရွှင်ချမ်းမြေ့ပါစေ...
Signature

Tuesday, April 07, 2009

ကျေးဇူးပါ

အချိန်အကြာကြီး Align Center
ဖေးမပေးတဲ့ လက်တစ်စုံရယ်
ကျေးဇူးပါ

အချိန်အကြာကြီး
အတူတူရှိပေးတာ
ကျေးဇူးပါ

အချိန်အကြာကြီး
သည်းခံပေးခဲ့တာ
ကျေးဇူးပါ

အချိန်အကြာကြီး
စိတ်ရှည်ပေးတာ
ကျေးဇူးပါ


ပျော်ရွှင်ချမ်းမြေ့ပါစေ... ချစ်သူ
Signature

Monday, April 06, 2009

Amazing_Beat_Box


Amazing Beat Box - Watch more amazing videos here




Insane Beatbox - Beardyman - Click here for another funny movie.



ပျော်ရွှင်ချမ်းမြေ့ပါစေ...
Signature

IP2Location.com

Map IP Address
Powered byIP2Location.com