Tuesday, July 28, 2009

ဖတ်မိသော ကဗျာ

The Poem You Hold in Your Hands...
by
Collin McCarty

The poem you hold in your hands
is a very special poem.
Not just because it's from me...
but because it says something
I want you to know today
and that I want you
to remember
forever.

Within the words of this poem
I want to say that
you are incredibly special to me.
You are so important
to my days-and so essential
to the smile within me.

That certain space where our lives
overlap is the place that brings me
the most understanding,
the most peace,
the nicest memories, and a joy that
comes to my heart so constantly.

When you hold this in your hands,
I want you to think of me
smiling softly at you,
and thanking you...
for all that you are... to me.

Monday, July 20, 2009

we

တစ်နှစ်ပြည့်မြောက်

Anniversary Graphic #35


တစ်နှစ်
တစ်နှစ်သာပြောင်း...။
အချစ်
အချစ်က မဟောင်း...။

ဒီတစ်နှစ်လုံး - ငြင်းခုန်ခြင်း.. ရန်ဖြစ်ခြင်း.. ပျော်ရွှင်ခြင်း.. ဖေးမစာနာခြင်း.. နားလည်ပေးခြင်း.. သစ္စာရှိခြင်း.. နာမည်ပြောင်များပေးခြင်း.. ဖုန်းပိတ်ခြင်း.. ဖုန်းကို အဆက်မပြတ်ခေါ်ခြင်း.. သံသယကြီးခြင်း.. ယုံကြည်ခြင်း.. သ၀န်တိုခြင်း.. တွေက မဟောင်းသေးပါလားနော်....။
ဒီလို အမြဲတမ်း အနိုင်ကျင့်.. အဲလေ.... အမြဲတမ်း အတူတူရှိပါရစေ... :P

happy anniversary! ပါ... Dear MZT ရေ


အချစ်ဆုံးသယ်ရင်းများအတွက်လည်း မုန့်မုန့်ကျွေးမယ်....
(မကျွေးရင် အအော်ခံရမှာစိုးလို့ :P)


အဆင်ပြေမယ့်ဟာ ရွေးစားသွားပါနော်...

ဖြစ်သလိုလေး ပုံတင်လိုက်ရတာ စိတ်မကောင်းပါဘူး :D
အကြောင်းပြချက်ကတော့ - ၅နှစ်သား တူတော်မောင်ရဲ့ လက်နက်ကြီး မိထားပါသောကြောင့် ဘယ်ဘက်မျက်နှာတစ်ခြမ်းလုံး မျက်လုံးအပါအ၀င် ယောင်ကိုင်းနေပါသဖြင့် ဒီလောက်နဲ့သာ ကျေနပ်မယ်ထင်ပါရဲ့ :((

Sunday, July 19, 2009

ထို့ကြောင့် မြန်မာပြည်တွင် နေပါသည်

Photobucket

အွန်လိုင်းရောက်အောင် တက်ပါသည်
gtalk ၀င်အောင် ၃ ၄ ၅ ကြိမ်လောက် စောင့်ရသည်
signing in နဲ့ connecting
အခါ၂၀ထက် မနည်းဖြစ်ပါသည်
ဝင်ပြန်သောအခါ နှစ်ခါ နှစ်ခါပြောရသည်
တစ်ခါတစ်လေ သူများတွေက အဖက်မလုပ်သည်
အဘယ်ကြောင့်ဆိုသော် တဖက်လူမသိ စိတ်တိုရပါသည်
တစ်ခါတစ်လေ reply ကို မေ့အောင် မျောအောင် စောင့်ပါသည်
မကြာမီတွင် သိလိုက်သည်
signing in နဲ့ connecting
ထို့ကြောင့် မြန်မာပြည်တွင် နေပါသည်

ဘ၀ရဲ့ သခင်

Saturday, July 18, 2009

ထင်ရာစိုင်းမှု


အလိုချင်ဆုံး အလိုအပ်ဆုံး ထင်တဲ့အရာတွေ ရခဲ့ပြီးမှ
ဒါလောက်ဆို တင်းတိမ်ပါပြီးလို့ အရင်က ထင်ခဲ့တယ်
ဒါဆိုဘာလို့များ မျက်ရည်တွေနဲ့ ဆက်လက် တောင်းတနေမိပါလိမ့်
နောက်ဆုတ်ဖို့ ခဲယဉ်းလွန်းတဲ့စိတ်တွေနောက်ကို ကောက်ကောက်ပါသွားလိုက်တာများ
မျှော်လင့်ချက်ပါးပါးရဲ့နောက်မှာ မျှော်လင့်ချက်ကြီးကြီးတွေနဲ့
လောကကြီးက တခါတလေတော့ ရပိုင်ခွင့်တွေ လုပ်ပိုင်ခွင့်တွေကို သမမျှတစေခဲ့သားပဲ
ဘယ်တော့မှ မတွေးခဲ့ဖူးတဲ့အရာတွေကို ကိုယ်တိုင်ကိုယ်ကျ ၀င်ရောက်စွက်ဖက်ခွင့်ရခဲ့တာကိုက
ကျေနပ်နှစ်သိမ့်စေခဲ့တာ...
ဒါဆိုရင် ဘယ်သူတွေရော ဆက်ပြီး တားဆီးနိုင်အုံးမှာလဲ...
တခါတလေမှာ စိတ်တွေရဲ့နောက်ကို အမှီလိုက်ရတာ ပျော်စရာတော့အကောင်းသား
စိတ်တွေရဲ့ ထင်ရာစိုင်းမှုအောက်မှာ..... ထင်ရာမြင်ရာတွေနဲ့

Wednesday, July 15, 2009

Love of My Life


အမှတ်တရများရဲ့ အမှတ်တရလေးတစ်ခု

Saturday, July 11, 2009

Justin timberlake feat T I - My Love Remix HD

Thursday, July 09, 2009

happy birthday! မျက်ဖြေအလင်္ကာ

happy belated birthday!

ရန်ကုန်ရွှေမြို့တော်ကို ခဏတာပြန်ဖို့ ပြင်ဆင်နေရတာနဲ့ ဘလော့ရဲ့မွေးနေ့လေးတောင် မေ့နေပါလားနော်..
လူမသိ သူမသိ ဒီဘလော့လေး စခဲ့တယ် လူမသိ သူမသိနဲ့ မနေ့ကတော့ တစ်နှစ်တောင် ပြည့်ခဲ့ပါပြီ..
ဘာပဲဖြစ်ဖြစ် ဒီဘလော့လေး စပိုင်ခဲ့ကတည်းက အကျိုးအမြတ်တွေရခဲ့ပါတယ်.. နားမလည် ပါးမလည် ဘာတွေရေးထားမှန်းမသိတဲ့ code တွေကို ဟိုထည့် ဒီထည့် ဟိုဖြတ် ဒီဖြတ်... ဟိုနားက code ကို ဒီနားကိုထည့် ဒီနားက code တွေ ဟိုနားပို့နဲ့..
ကွန်ပြူတာအကြောင်းမသိတဲ့ နလပိန်းတုံး တစ်ယောက်ဖြစ်တဲ့ ဘလော့ပိုင်ရှင်လည်း ပညာတွေတော့ အတော်ရခဲ့သား...
ကိုယ်ပိုင်သာမရေးတတ်တယ်... ဟိုဟာမကြိုက် ဒီဟာမကြိုက်နဲ့...
ဒီတစ်နှစ်အတွင်းမှာ template ပြောင်းခဲ့တဲ့ အရေအတွက်တွေဆိုတာ မရေတွက်နိုင်လောက်အောင်ကို ဖြစ်ခဲ့တယ်...
စာရေးမကောင်းတော့ စိတ်ဝင်စားစရာကောင်းတဲ့ template တွေနဲ့တော့ အချိန်အတော်ကုန်ခဲ့သား...
အဲဒီအချိန်ကုန်ခဲ့တဲ့ကာလတွေမှာ မကောင်းတာတွေ ကောင်းတာတွေ စိတ်ညစ်စရာတွေ စိတ်ပျက်စရာ ပျော်စရာတွေကတော့ အတော်များခဲ့ပါတယ်...
ဒါပေမယ့် ဒီဘလော့လေးက ဒီနေ့တော့ ကြည့်ရင်းနဲ့ ချစ်စရာကောင်းနေသလိုပဲ...

ခဏ ခဏ မျက်စိနောက်စရာ.. မျက်စိရှုတ်စရာ.. ပေါက်ကရလေးဆယ်တွေရယ်.. ချစ်သူအကြောင်းတွေရယ် ရေးတတ်တဲ့ ဒီမျက်ဖြေအလင်္ကာဘလော့ကို သည်းခံပြီး လာလည်ခဲ့ကြတဲ့ ချစ်သူငယ်ချင်း မိတ်ဆွေတွေ အားလုံးနဲ့
မခင်ပေမယ့် အမြဲတမ်းခဏခဏ လာလည်တတ်တဲ့ ချစ်စရာကောင်းတဲ့ မိတ်ဆွေတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်...





ပျော်ရွှင်ချမ်းမြေ့ပါစေ..

Friday, July 03, 2009

လတ်တလော ပေါက်ကရအတွေးလေးများ

လတ်တလော ပေါက်ကရအတွေးလေး ရေးရမယ်တဲ့...။
အဲလို tag လိုက်မှပဲ အတည်အတံ့ကြီးတွေ စတွေးတော့တာပဲ..
တွေးမိတော့ နည်းနည်းလန့်သွားတယ်... လွန်ခဲ့တဲ့ မိနစ်အနည်းငယ်တုန်းက မကြီးကိကို မြန်မာစာသတ်ပုံ ဘာ ညာဆို လေကြီး မိုးကြီးတွေကလည်း ပြောထားမိတော့.. :(
သူကလည်း ပြောပါတယ် အမှားရှာမယ်တဲ့ မြင်ယောင်ပါသေးတယ် ခံရတော့မယ်လို့
ပေါက်ကရတွေးမယ့်ဟာ ဟိုလူ့မျက်နှာမြင် ဒီလူ့မျက်နှာမြင် (မြင်ယောင်တာပြောပါတယ်လေ... မီးဖွားတဲ့ မျက်နှာမြင်တာကို ပြောတာမဟုတ်ဘူးနော်..)နဲ့ ဘာတွေးလို့ တွေးရမလဲဆိုတာကို တွေးဖို့တောင် ခပ်ခက်ခက်.. ပေါက်ကရတွေးမရပဲ ခုလောလောဆယ်စိတ်ထဲတွေးနေတာကတော့
သဒ္ဒါအထားအသိုတွေကပဲ လွဲနေသလိုလို စာလုံးပေါင်းတွေကပဲ မှားနေသလိုလို သတိထားလေ စိတ်ရှုတ်လေ ခေါင်းပူလေနဲ့ ဘာရေးလို့ ရေးရမလဲတောင် မသိတော့ဘူး..
မရေးပြန်ရင်လည်း တောင်ငူက ကွမ်းသီးက စိတ်ဆိုးအုံးမယ်
ခက်တယ်.. ခက်တယ်.. သူကတော့ ဟယ်ရီပေါ်တာနဲ့ ပေါထွက် ထွက်သွားပြီ
အဲ... ဟယ်ရီပေါ်တာဆိုလို့ ဟယ်ရီပေါတာဆိုတဲ့ အခေါ်အဝေါ်ကိုတောင် သွားသတိရသေးတယ်
အဲဒီနာမည်က အစ်မတော်တစ်ယောက်က ဟယ်ရီပေါ်တာယပ်တောင်တွေကို နှိပ်ကွပ်တဲ့ နာမည်လေ
ဟင်... ဒါနဲ့ စကားတွေက ဟိုရောက် ဒီရောက်...
တက်တဲ့မိန်းကလေးကို ပြောပါသေးတယ် ဒါတော့ မတက်ပါနဲ့ဆိုတာကို...
လတ်တလောပေါက်ကရအတွေးဆိုလို့ကတော့တွေးလို့ရတာ အကုန်တွေးတာပဲ...
ဘာရေးရမလဲတောင် မသိဘူး... ခုချိန်ထိ နိဒါန်းတွေ အချီးတွေ ပျိုးနေတာနဲ့ပဲ...
ခေါင်းတွေတောင် ကိုက်လာပြီ..
အတွေးက လုပ်ယူလို့ရတဲ့အမျိုးမှ မဟုတ်တာနော့...
အတင်းတွေးတော့ ခေါင်းထဲမှာလည်း ကွက်လပ်တွေရယ် ကွက်ရှင်မတ်တွေရယ်.... _______ ???????
ရေးတော့ ရေးမှဖြစ်မယ် မရေးရင် ဒီထက်ဆိုးတဲ့ စာတွေရေးနေရမယ်... ထုချေလွှာ တင် ဆိုမှ ပိုဆိုးမယ်...
ကဲ... တွေးစမ်း တွေးစမ်း
ခက်နေပြီ ဘာမှကို ထွက်မလာဘူး...
အဲဒါနဲ့ gtalk မှာ မကြီးကိကို သွားပြီး စကားများမိတော့ သူကတော့ပြောရှာပါတယ် မြန်မြန်ပေါတဲ့
အဲလေ မြန်မြန်ရေးတဲ့... အဲဒီလိုပြောလေ စဉ်းစားမရလေ.. နောက်တစ်ယောက်ကလည်း လတ်တလော အတွေးထဲ အတင်းဝင်လာပြန်ရော..
အဲဒါကတော့ သူ့အသံထွက်နဲ့ သူဟုတ်နေတဲ့ ဘလော့ဂါမမတစ်ယောက်ပဲပေါ့ အဲဒီမကြီးxxxx ပေါ့လေ...
သူ့အကြောင်းတွေ ခေါင်းထဲရောက်လာပြန်ရော.. ခက်တယ် တောင်ငူက ကွမ်းသီးကလည်း စိတ်ဆိုးတော့မယ်
ခုချိန်ထိ သူtagတဲ့ အကြောင်းကို ဘာမှကို မဘာရသေးလို့
ပေါက်ကရတွေးရရင် ဒီကားမျိုးလိုချင်တယ် ဘာလို့ဆို တံမျက်စီးနဲ့ သွားမယ့် ဘလော့ဂါမမလေး နောက်ကို လိုက်ချင်လို့ တံမျက်စီးတော့ မစီးချင်ဘူး တော်ကြာ မြင်မကောင်းပါဘူးလေ :D



နောက်ပြီးတော့ ဒါမျိုးကားတွေသာ ရရင်တော့ ဂျိန်းစ်ဘွန်းလည်း ဖြစ်ချင်တယ်
mission impossible ရုပ်ရှင်မျိုးကားတွေလိုလည်း မိုက်ချင်တယ် ဟိဟိ တော်ပါပြီ အဲဒီလောက်ဆို တော်ပြီ မိနစ်ပိုင်းအတွင်းမှာ ဖြစ်သွားတဲ့ အတွေးတွေကိုသာ လိုက်ရေးရရင် မလွယ်ဘူး.....
ကဲ tag တာကိုရေးလိုက်တာ အစကတော့ အတည်ရေးမလို့ပဲ ခုတော့ ထုံးစံအတိုင်း ရိုးရာမပျက် ပေါပြီးတော့ ချော်တောငေါ့သွားပြန်ပါပြီ...
အတွေးတွေကို ထပ်ရေးရရင် တစ်ထောင့်တစ်ညပုံပြင်တွေထက် ရှည်သွားနိုင်တယ်.... ဟူး......

ဒီနေ့တော့ ဒီလောက်နဲ့ ကျေနပ်တော့နော် ဒေါ်စုလတ်ရေ...

Wednesday, July 01, 2009

forever






forever... ever... ever...
forever... ever... ever...
forever... ever... ever...
forever... ever... ever...

အကြည်တော် - ဇ

Akyi_Taw_-_Za

forward မှရသော စာအုပ်များဖြစ်ပါသည်။

IP2Location.com

Map IP Address
Powered byIP2Location.com